Sunday, 6 December 2009

ဗိုလ်သိန်းစိန်သတင်း ဒိန်းနစ်ရှ်ဘားမား မသိသေးဟုဆို

ရေးသူ- စစ်ငြိမ်းဒီရေ

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ ရာသီဥတု
ပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်
နှင့်အဖွဲ့ တက်ရောက်မည်ဟု ထွက်ပေါ်နေသော သတင်း အချက်အလက်
များနှင့် ပက်သက်၍ သေသေချာချာ မသိရှိသေးကြောင်း ဒိန်းနစ်ရှ် ဘားမား
ကော်မတီ (Den Danske Burma Komités) ပြောဆိုနေပါတယ်။

န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်သိန်းစိန်နှင့် အဖွဲ့ ဒိန်းမတ်နိုင်ငံတွင် ကျင်းပသော
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ တက်ရောက်ရန်
လာရောက်တော့မည်ဆိုသော သတင်းကို ...
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာဌာန နှင့်
VOA မြန်မာဌာန တို့၏
အင်တာနက် စာမျက်နှာပေါ်တွင် (၃.၁၂.၂၀၀၉) နေ့က ဦးစွာစတင်
ဖေါ်ပြခဲ့ပါတယ်။

ဒိန်းနစ်ရှ်ဘားမားကော်မတီ (Den Danske Burma Komités) ၏
ထိပ်တန်းတာဝန်ခံတစ်ဦးက န.အ.ဖ ၀န်ကြီးချုပ်နှင့်အဖွဲ့ ကိုပင်ဟေဂင်
သို့ သီတင်းပတ်စဉ် (၅၀) (၇.၁၂.၂၀၀၉ နေ့မှ ၁၃.၁၂.၂၀၀၉နေ့အထိ)
အတွင်း လာရောက်မည် ဆိုသော သတင်းကို မိမိ အနေဖြင့် လုံးဝ မသိရှိ
သေးကြောင်း ပြောဆိုပါတယ်။ သီတင်းပတ်စဉ် (၅၁) တွင် ဖြစ်နိုင်ချေ
ရှိသည်ဟု (May be) သာ ပြောဆိုပါတယ်။

တိတိကျကျ သိလိုသူများအနေဖြင့် ဒိန်းမတ်နိုင်ငံ နိုင်ငံခြားရေး
ဝန်ကြီးဌာန၊ ညီလာခံနှင့် ပက်သက်သော အစီအစဉ်ဌာန များသို့
စုံစမ်းမေးမြန်းသင့်ပါကြောင်း အကြံပြုအပ်ပါတယ်။

(ဒိန်းနစ်ရှ်ဘားမား ကော်မတီ ဆိုသည်မှာ ဒိန်းမတ်ပါလီမန်တွင်
မြန်မာ့ဒီမိုကရေစီအရေး အကူအညီပေးရန် ဒိန်းမတ်အစိုးရ ဦးဆောင်မှု
ဖြင့် ဖွဲ့စည်းထားသော ကော်မတီတစ်ရပ် ဖြစ်ပါတယ်။)

4 comments:

HRmyanmar said...

သတင်းအစုံလာဖတ်သွားတယ် အကို
စီပုံးဘယ်ရောက်နေပါလိမ့် ;p

နေမိုး said...

ဆရာဂေါင်း..... ဆီဗုံးပြန်မတင်သေးဘူးလား။ ဆီဗုံးပျောက်နေလို့ ဘယ်မှာလိုက်ရှာရမှန်းမသိတဲ့လူတွေ များနေပြီထင်တယ်။

ရွှေရတုမှတ်တမ်း said...

ကိုအောင်လို့ အော်ခေါ်စရာ.လော်ကြီး..ပျောက်နေပါ့လား

ဆရာချစ် said...

ဆရာဂေါင်း..... ဆီဗုံးပြန်မတင်သေးဘူးလား။ ဆီဗုံးပျောက်နေလို့ ဘယ်မှာလိုက်ရှာရမှန်းမသိတဲ့လူတွေ များနေပြီထင်တယ်။


GOOD တယ်ထင်ရင် DO သာ DO MR, ဂေါင်း