Thursday 3 December 2009

အခွဲခံရတဲ့ ဗိုက်



ညီညွတ်ရေးကို ဗိုက်ခွဲကြည့်တော့
ငြိမ်းချမ်းရေး ထွက်မလာဘူး
စေတနာကို ဗိုက်ခွဲကြည့်တော့
အိုင်ဒီယာ ထွက်မလာဘူး
ပိတ်ဆို့မှုကို ဗိုက်ခွဲကြည့်တော့
အဆင်ပြေမှု ထွက်မလာဘူး
လူနာကို ဗိုက်ခွဲကြည့်တော့
ဝေဒနာ ထွက်မလာဘူး
ရွှေငန်းကို ဗိုက်ခွဲကြည့်တော့
ရွှေဥ ထွက်မလာဘူး

ငြိမ်းချမ်းရေးကို ဗိုက်ခွဲတာက ဗိုလ်သန်းရွှေ
အိုင်ဒီယာကို ဗိုက်ခွဲတာက ဂန်ဘာရီ
ပိတ်ဆို့မှုကို ဗိုက်ခွဲတာက ကိုသန်းမြင့်ဦး
လူနာကို ဗိုက်ခွဲတာက ဒေါက်တာကြည်စိုး
ရွှေငန်းကို ဗိုက်ခွဲတာက ရွှေကြိုက်သူများ

သြော် ....
ဆရာတွေလည်း စုံခဲ့ပြီ
သမားတွေလည်း ဟုန်ခဲ့ပြီ
ဒီရောဂါ ဒီလူနာနဲ့ ဒီအနာတို့
သည်းဆဲ။ ။

-စစ်ငြိမ်းဒီရေ

6 comments:

ဆောင်းယွန်းလ said...

ဟုတ်ပ ကိုအောင်ရေ.
ကဗျာက ထိချက်ပြင်းတယ်ဗျ
ကြိုက်တယ်ဗျို့

ဂျူနို said...

ခံစားချက်တွေကို ဗိုက်ခွဲကြည့်တော့
ပို့စ်တွေ ထွက်လာတယ်
ပို့စ်တွေ ရေးတာ ဘလောဂါ
ဘလောဂါတွေလည်း စုံနေပြီ
ပို့စ်တွေလည်း ပြုံနေပြီ
ခံစားချက်တွေ မကုန်သေး
ရောဂါတွေပဲ စုပုံပေး
အဖြေတွေလည်း မထွက်သေး
ထိုင်ပြီးတော့သာ ဆဲချင်သလေး။



မအယ်

Nge Naing said...

ကဗျာလေး လာဖတ်သွားတယ်။ သိပ်ကောင်းတယ် ကိုအောင်။

မအယ်ကလည်း အသက်ရှိနေသရွေ့တော့ ခံစားချက်က ဘယ်ကုန်နိုင်မလဲ။

သစ်နက်ဆူး said...

သိပ်ကောင်းတဲ့ ကဗျာပါ..ကိုအောင်ရေ..။

HRmyanmar said...

ဆရာတွေလည်း စုံခဲ့ပြီ
သမားတွေလည်း ဟုန်ခဲ့ပြီ
ဒီရောဂါ ဒီလူနာနဲ့ ဒီအနာတို့
သည်းဆဲ
ကိုအောင် အမှန်ပါပဲခင်ဗျ
ကဗျားလေးကို ကြိုက်သွားပြီဗျာ

Unknown said...

အရမ်းကောင်းတဲ့ကဗျာ။