Friday, 4 September 2009

လှိုင်နယ်မြေသို့ လွမ်းဆွတ်ခြင်း



ရေးသူ- စစ်ငြိမ်းဒီရေ

ရန်ကုန်တက္ကသိုလ် စိန်ရတုပွဲ ကျင်းပခဲ့သည့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလအတွင်း
ကျနော်တို့ လှိုင်နယ်မြေ သချာင်္အဓိက ကျောင်းသားကျောင်းသူများသည်
ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးခရီး နှစ်ကြိမ် ထွက်ခဲ့ကြဖူးသည်။ ပထမ ခရီးမှာ
လှိုင်နယ်မြေ စီးပွားရေးတက္ကသိုလ် ဦးဆောင်သော ခရီးဖြစ်ပြီး၊ ဒုတိယ ခရီးမှာ
လှိုင်နယ်မြေ ကြက်ခြေနီအသင်း ရုံးခန်းကို သိမ်းပိုက်ထားသော ကိုကျော်နိုင်
(လှိုင်နယ်မြေ ကြက်ခြေနီအသင်း ခေါင်းဆောင်)၊ ဘိုကြီး (ဘိုမြင့်မိုရ်စိုး)၊
ဇော်လင်းဒွေး (နေရာတကာ ပါဝင်လေ့ရှိသော- ပါချုပ်) တို့ ဦးဆောင်သော
ခရီးဖြစ်ပါသည်။

၁၉၉၅ ခုနှစ်တွင် လှိုင်နယ်မြေ၊ သချာင်္အဓိက ကျောင်းသား ကျောင်းသူများ
အတွင်း အထင်ရှားဆုံး ဟု ဆိုနိုင်သော ကိစ္စ သုံးခု ပေါ်ပေါက်ခဲ့ဖူးပါသည်။
ယင်းတို့မှာ အင်းလေးဆောင် ဖဲဝိုင်း ရှုံးနိမ့်မှု၊ စိန်ရတု ရန်ပုံငွေ ရှာပွဲ ၀က်သား
တုတ်ထိုးဆိုင်၏ ငွေကြေး အငြင်းပွားမှုနှင့် ကျိုက်ထီးရိုး ဘုရားဖူးသွားရင်း မင်္ဂဆောင်
တစ်ခုတွင် ၀င်စားမှုတို့ ဖြစ်ပါသည်။ ၀က်သားတုတ်ထိုးဆိုင် ငွေကြေးအငြင်းပွားမှု
တွင် သချာင်္အဓိက ကျောင်းသူများသည် ၀ယ်စားမည့်သူ မလာခင် ကိုယ့်ဘာသာ
ကိုယ် ဈေးဦးဖောက်ရာမှ ရယ်မောစရာ ဖြစ်ခဲ့သည့် ကိစ္စတစ်ခု ဖြစ်ပါသည်။


(၁၉၉၆- ခုနှစ် နှစ်လယ်ပိုင်း အထက်မြန်မာပြည်ခရီးစဉ် မန္တလေးတက္ကသိုလ်
ရှေ့တွင် သချာင်္အုပ်စု အမှတ်တရ ရိုက်ထားသေားပုံ။)

အင်းလေးဆောင် ဖဲဝိုင်း ရှုံးနိမ့်မှုတွင် ကျနော်တို့ သချာင်္အဓိက ကျောင်းသား
များသည် Y.I.T ကျောင်းသားများနှင့် ဖဲရိုက်ကြရာ ပါလာသည့် ပိုက်ဆံ အကုန်
ကုန်သွား၍ စီးလာသည့် ဖိနပ်များကိုပါ အပေါင်အဖြစ်ထားပြီး ဖဲရိုက် ခဲ့ကြပါသည်။
နောက်တနေ့ မနက် ကျောင်းစတက်ချိန်တွင် လှိုင်ကျောင်း အပေါက်ဝရှိ ကင်းတဲ၌
ဖိနပ်မပါသော သချာင်္အဓိက ကျောင်းသား တစ်အုပ်စုသည် ကျောင်းသို့လာသော
သချာင်္အဓိက ကျောင်းသူများထံမှ ကျောင်းအပ်ရာတွင် အသုံးပြုသော ကျောင်းလက်ခံ
ငွေပြေစာ စာရွက်များကို လိုက်တောင်းခဲ့ကြပါသည်။ ထိုစာရွက်များကို အသုံးပြု၍
ကျောင်းသုံး ဗလာစာအုပ်နှင့် ခွေးတံဆိပ်ခဲတံများကို အစိုးရ ပေါက်ဈေးဖြင့် ၀ယ်ယူ
နိုင်ပါသည်။ ထိုခေတ်က ကျောင်းသား ကျောင်းသူများသည် ကျောင်းမှ ပေးသော
အစိုးရ ဗလာစာအုပ်များကို သုံးစွဲသူ နည်းပါးကြပါသည်။ Mr. Stone ဆိုင်တွင် ရောင်း
သည့် စာအုပ်များကိုသာ ၀ယ်ယူ သုံးစွဲလေ့ရှိပါသည်။ ထိုပြေစာ စာရွက်များဖြင့်
စာအုပ်နှင့်ခွေးတံဆိပ်ခဲတံများကို ထုတ်ယူပြီး ကမာရွတ်ဈေးရှိ ဈေးဆိုင်များတွင်
ပြန်သွင်းခဲ့ပြီးမှ အပေါင်ခံထားခဲ့သည့် ဖိနပ်များကို ပြန်ရွေးနိုင်ခဲ့ပါသည်။ နောက်ဆုံး
တွင် ဌါနမှူးရုံးခန်းမှ သိရှိသွားပြီး “ဖိနပ်မပါ ဒို့သချာင်္” ဟု လှိုင်ကျောင်းထဲတွင်
ရာဇ၀င် တွင်ခဲ့ ဖူးပါသည်။
(ဖဲဝိုင်းတွင် ပါဝင်ခဲ့သော သချာင်္ကျောင်းသားများ၏ အမည်များကို မရေးတော့ပါ။)

မင်္ဂဆောင်တွင် အားပေးမှု ….
ကျနော်တို့ လှိုင်နယ်မြေ သချာင်္အဓိက ကျောင်းသား ကျောင်းသူများ၏ ဘုရားဖူး
ကား စတင် ထွက်ခွာချိန်၌ ကား၏ အလယ်ပေါက် လူ အတက်အဆင်း လုပ်သော
နေရာတွင် ပုဆိုးခင်း၍ “ကိုးမီး” ဖဲဝိုင်းအဖြစ် အပျော်သဘော လုပ်ခဲ့ကြပါသည်။
ဖဲဝိုင်း စတင်ချိန်တွင် ကျောင်းသားများသာ ဖဲရိုက်ကြပြီး ဆူညံ၍ ပွက်လောရိုက်
နေပါသည်။ ထို့ကြောင့် အိပ်ချင်နေသော ကျောင်းသူများလည်း ကားပေါ်တွင် အိပ်မရ
သောကြောင့် ဖဲဝိုင်းထဲသို့ အပျော်သဘော ပါဝင် လာခဲ့ကြသည်။ တဖြေးဖြေးနဲ့
ဘုရားဖူးကားသည် ပဲခူးမြို့အလွန် သိမ်ဇရပ်မြို့နယ် မရောက်တရောက်၌ ဖဲဝိုင်း
အတွင်းရှိ ပိုက်ဆံအားလုံးသည် ကျောင်းသူများလက်ထဲသို့ ရောက်ရှိသွားပါတော့
သည်။ ကားသည် သိမ်ဇရပ်မြို့နယ်ရှိ ထမင်းကြော်နဲ့ လက်ဖက်ရည်ဆိုင် တစ်ခုရှေ့
တွင် မနက်စာ စားသုံးရန် ရပ်ပေးပါသည်။ ကျောင်းသူများသည် ကားပေါ်မှ အလျှို အလျှို
ဆင်းသွားကြသည်။ ကျောင်းသားများကို “ဒင်းတို့ကို lesson ပေးရမယ်” ဟူသော
မျက်လုံးများဖြင့် ကြည့်၍ ဆင်းသွား ကြပါသည်။

ကားရပ်သော နေရာ၏ ကားလမ်းတစ်ဖက် မျက်စောင်းထိုး နေရာတစ်ခုတွင်
မနက်စောစော မင်္ဂလာဆောင်ပွဲ တစ်ခု ကျင်းပနေပါသည်။ နယ်မြို့တစ်ခု၏
မင်္ဂဆောင်ဖြစ်ပြီး မင်္ဂလာပွဲ လာသူများသည် လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်
ထားသော ဘုရားဖူးကားပေါ်မှ လူငယ် ကျောင်းသားများကို ငေးကြည့်နေကြ
ပါသည်။ ကားရှေ့တွင်လည်း “ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ကျောင်း
သား/သူများ လေ့လာရေးအဖွဲ့” ဟူသော စာတန်းကြီးကိုလည်း မြင်နေရသည်။

ကျောင်းသား တစ်ဦးဖြစ်သော မောင်…… က သူ့ သူငယ်ချင်းအား လှမ်း၍
အဖော်ညှိပါသည် ….
“ဟေ့ကောင်၊ ငါ့ဆီမှာ ပိုက်ဆံ ငါးဆယ် ကျန်သေးတယ်၊ အဲဒါကို မင်္ဂဆောင်
မှာ လက်ဖွဲ့ပြီး ၀င် ၀ါးမလား”
သူငယ်ချင်း ဖြစ်သူကလဲ …
“ကောင်းတာပေါ့၊ ကျန်တဲ့သူတွေ လိုက်မလား”

ဤသို့ဖြင့် ကားပေါ်ရှိ ကျောင်းသား အတော်များများ မင်္ဂဆောင် မဏ္ဍာပ်ထဲသို့
ရောက် သွားကြပါသည်။ သတို့သားနှင့် သတို့သမီးတို့ကလည်း သူတို့မသိခဲ့ဖူး
သော ကျောင်းသားများအပေါ် ဖော်ရွှေစွာဖြင့် လက်ခံ ကျွေးမွေးပါသည်။

သို့သော် ကုသိုလ်ကံ က မကောင်းခဲ့ ရှာပါ …
နောက်ထပ် ဆယ်မိနစ်ခန့်အကြာတွင် ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေမှ
ရုက္ခဗေဒ အဓိက ကျောင်းသား ကျောင်းသူများ၏ ကျိုက်ထီးရိုး ဘုရားဖူးယာဉ်
သည် သိမ်ဇရပ်မြို့နယ်သို့ ရောက်ရှိလာခဲ့ပါသည်။ မင်္ဂဆောင်တွင် အားရပါးရ
စားသောက်နေသော သချာင်္ ကျောင်းသားများကို မြင်လိုက်ရသော အခါ ….။

ဘုရားဖူးကားသည် သာမညဆရာတော်ကြီး သီတင်းသုံးရာ သာမညတောင်ဆီ
ဦးတည်၍ တရိပ်ရိပ် သွားနေပါသည်။ ကားပေါ်တွင် ကျောင်းသားများနှင့် ကျောင်း
သူများ တစ်ဖက်နှင့် တစ်ဖက် ဘုကြည့် ကြည့်နေကြပါသည်။ အချိန်အတော်ကြာ
အောင် စကားမပြောနိုင်ဘဲ နောက်ဆုံးတွင် “၀ါး” ခနဲ ရယ်သံများ ထွက်ပေါ်
လာ ပါတော့သည်။

(ဤမျှသာ။)

3 comments:

kiki said...

သူငယ်ချင်းတွေ နဲ့ ကွင်းဆင်းရတဲ့ အချိန်တုံးကတော့ ဖဲဆော့ခဲ့ ဖူးတယ် .. မိန်းကလေးတွေ က နိုင်တာ များတယ် ..ဘာလို့ လဲ မသိဘူးနော်..

တက္ကသိုလ်ကျောင်းသားဘဝဟာ ပျော်စရာ အကောင်းဆုံး အချိန်လေးတွေဘဲ...လွမ်းမိပါသေးရဲ့  ကိုအောင်ရေ ..

ခင်မင်စွာဖြင့်
ကိကီ

Maydarwii said...

သင်္ချာကျောင်းသားတွေ ဆိုးလိုက်တာနော် .. :P
အဟဲ .. နောက်တာပါ။
ကျမလဲ ပထမနှစ်က သင်္ချာယူတာပါပဲ။
ဒုတိယနှစ်မှာ ရူပဗေဒပြောင်းလိုက်တာ။
သင်္ချာမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေကတော့ ကျမကို သစ္စာဖောက် တဲ့။
၁၉၉၅ မှာတော့ ကျမက မိန်းထဲရောက်နေပြီ။
မိန်းထဲရောက်ပေမဲ့ ကျမကတော့ အာစီတူးမှာပိုပျော်တယ်။
အာစီတူးကို ပိုချစ်တယ်။

အာစီတူးမှာ ကျောင်းတက်တုန်းက ကျောင်းမဂ္ဂဇင်းအတွက် ရေးခဲ့ဖူးတဲ့ ကဗျာလေး ဘလော့မှာတောင် တင်ခဲ့ဖူးသေးတယ်။ မဂ္ဂဇင်းထဲတော့ မထည့်ဖြစ်ဘူး။ အာစီတူးကို လွမ်းနေတဲ့ ကိုအောင် ဖတ်ကြည့်ချင်မလားလို့ (မဖတ်ချင်လဲ ဇွတ်ပဲ ကော်ပီကူးပြလိုက်ပါတယ်) :)
***
‘ကြိုဆိုပါသည်’

လာခဲ့လေ .. ..
တို့မြေစခန်း၊ အရောက်လှမ်းခဲ့
အပမ်းလဲပြေ၊ အနွမ်းပြေဖို့
စိမ်းညို့သွယ်တန်း၊ ကုက္ကိုလမ်းနဲ့
စိန်ပန်းပွင့်နီ၊ စီရရီနဲ့
တေးသီငှက်များ၊ ဆိုစကားဖွဲ့
တကယ့်အလှ၊ သဘာဝတွေ
သာစွမြေမှာ၊ တခါတခေါက်
လာရောက်ခိုနား၊ တို့များကြိုဆို
ရွှေအိုရောင် တက္ကသိုလ်မှ … ။

ကိုအောင်(ပျူနိုင်ငံ) said...

ကိကီနှင့် မမေဓါဝီ ကော်မန့်ရေးပေးတာ ကျေးဇူးဗျာ။
မမေဓါဝီရဲ့ ကဗျာကို လှိုင်ကျောင်းကြီးပြန်ဖွင့်နိုင်မဲ့ တနေ့ကျရင် တက်ခွင့်ရမဲ့ လူငယ်တွေကို ပြန်ပြကြတာ
ပေါ့ဗျာ။