Sunday 30 August 2009

သခင်စိုး၏ဇနီးသည်များ အမည်စာရင်း



ရေးသူ- စစ်ငြိမ်းဒီရေ

သခင်စိုးသည် ဒုတိယကမ္ဘာစစ်အကြိုကာလနှင့် စစ်အတွင်း ဗမာ့လွတ်လပ်ရေး
လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားခဲ့သူ တစ်ဦးဖြစ်သည်။ သခင်စိုးနှင့် ပက်သက်သော
အတ္ထုပ္ပတ္တိကို ယနေ့အချိန်အထိ မည်သူမျှ သေသေချာချာ ရေးသား ဖော်ပြထား
ခြင်း မရှိသေးပေ။ ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်ဟောင်း (အလံနီ ကွန်မြူနစ်
ခေါင်းဆောင်) သခင်စိုးနှင့် အိမ်ထောင်ပြုခဲ့သော ဇနီးသည်များ၏ အမည်
စာရင်းကို လက်လှမ်းမှီသမျှ ပြုစု ဖော်ပြလိုက်ပါသည်။

ပထမနှင့် ဒုတိယ ဇနီးသည်
သခင်စိုးသည် နိုင်ငံရေးလောကသို့ မ၀င်ရောက်ခင်ကပင် မိန်းမနှစ်ဦးကို တပြိုင်တည်း
လက်ထပ် ပေါင်းသင်း ခဲ့ပါသည်။ ထိုနှစ်ဦးသည် ညီအမ တော်စပ်သည်။
ယင်း ညီအမနှစ်ဦးကို ကိုလိုနီခေတ်သုံး ငွေငါးရာပေး၍ တရားဝင်ကွားရှင်းခဲ့ပါသည်။
မှတ်တမ်း အတော်များများတွင် ယင်းညီအမတို့၏ အမည်များကို ရှာမတွေ့ပါ။

(၃)ဒေါ်ခင်စီ (နောင်အခါ ဦးစိုးနိုင်၏ ဇနီးသည်)
(ကျောက်မြောင်း စိုးနိုင်-စာပေနှင့် မခင်စီ ပုံနှိပ်တိုက်)
(၄)ဒေါ်ငွေစံ ခေါ် မငွေစံ (ယခင်က ပထ၀ီမောင်တင်၏ ဇနီးသည်ဖြစ်ခဲ့ဖူးသူ)
(၅)ဒေါ်နှင်းမေ (နောင်အခါ ရဲနီနေဒွန်း၏ ဇနီးသည်)
(၆)ဒေါ်ခင်စု (ယခင်က ရဲနီကျော်ဝင်း၏ ဇနီးသည်ဖြစ်ခဲ့ဖူးသူ)
(နောက်ဆုံး ဇနီးသည်ဟု သိရ)

မှီငြမ်းကိုးကားစာရင်း
-သခင်တင်မြ၏ ဘုံဘ၀မှာဖြင့်
-မောင်စင်ကြယ်၏
အလံနီနှင့် အလံဖြူတွေအကြား မရေးဖြစ်ခဲ့သော သခင်စိုး အတ္ထုပ္ပတ္တိ

(ဤမျှသာ။)

13 comments:

Nge Naing said...

ညီမအရင်းကို ဇနီးမယားအဖြစ် ပေါင်းသင်းတယ်ဆိုတာ ဒီတခါပဲ ကြားဖူးသေးတယ်။

ကိုအောင် said...

မငယ်နိုင် .. .သူ့ညီမ အရင်း မဟုတ်ပါ၊ ညီအမ
အဖြစ်တော်စပ်သူ အမျိုးသမီးနှစ်ဦးလို့ ဆိုလိုတာပါ။

မမသီရိ said...

သခင်တင်မြ ရဲ့ ဘုံဘ၀မှာဖြင့် ကို ငယ်ငယ်က ဖတ်ခဲ့ဖူးတယ်
ဒီအကြောင်းတွေ အမှတ်တမဲ့ ပဲ

ဒီစာရင်းအရ ဆိုရင်တော့
ရဲနီကျော်ဝင်းနဲ့ သခင်စိုးနဲ့
မိန်းမ လဲ ယူခဲ့ကြပုံ ပဲနော်
(ပုဂ္ဂိုလ်ရေး ထိခိုက်စေချင်လို့ မဟုတ်ပါဘူး
ပျော်စရာ ဖြစ်မလား နောက်ကြည့်တာပါ)

mirror said...

ပြုံးမိတယ်အစ်ကို။

Anonymous said...

နိုင်ငံရေးမှာ ထူးချွန်သလောက် မိန်းမဘက်လဲ အတော်ထူးချွန်ထက်မြက်တာပဲနော် သူ့အကြောင်း ဖတ်တော့ ဖတ်ဖူးတယ် ဒီလိုမျိုး စုံလင်လင်တော့ မပါဘူးဗျ။ ကျေးဇူးပါဗျာ

PhotoVigor said...

I am very much interested in history..
thanks for sharing..

မမိုး said...

ရဲနီကျော်ဝင်းတယောက် အခုထိ အသက်ရှင်လျှက် ရှိသေးလားကိုအောင်ရေ.သူကစောင်းတီးသိပ်ကောင်းတယ်။
ည ညဆိုရင် သူကစောင်းတီး သူ့မိန်းမနဲ့ကလေးတွေက သီချင်းဆိုကြတယ်။စည်းနဲ့ဝါးလိုက်သူက လိုက်လို့ပေါ့။
သူတို့မိသားစုနေပုံက ပျော်စရာပဲ။

ကလူသစ် said...

တော်တော်တော့ ပွေတဲ့သူပဲ။ ဆွန်ယက်ဆင်ဇာတ်လမ်းကြည့်တုန်းကတောင် သူ့ကို သတိရသေးသဗျ။ ဘယ်နားမှာ တိုက်ဆိုင်သလဲဆိုတာတော့ မေ့သွားပြီ။

ကိုအောင် said...

စာလာဖတ်ပြီး ကော်မန့်တွေ ရေးသွားကြတဲ့ မငယ်နိုင်၊
မမသီရိ၊ မကြေးမုံ၊ အိမ်၊ Vigor၊ မမိုးနဲ့ ကိုလူသစ်
တို့ကို ကျေးဇူးတင်ပါတယ်။ ပထမတော့ ကျနော့်အနေ
နဲ့ ကွယ်လွန်သူ သခင်စိုးရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းချုပ်ကို
ရေးဖို့ ကြိုးစားတာပါ၊ သို့ပေမဲ့ သမိုင်းဆိုင်ရာ တချို့
အချက်အလက်တွေ သိပ်ပြီး မခိုင်မာတော့ အခုလို ဇနီး
သည်စာရင်းပဲ တင်ပြနိုင်တာပါ၊ တဆက်တည်းပဲ စာလာ
ဖတ်ရူ အားပေးကြတဲ့ သူတွေထဲ သခင်စိုးရဲ့ မိသားစု
ဝင်တွေများ ပါရှိခဲ့ရင် သမိုင်းဆိုင်ရာ မှတ်တမ်းတစ်ခု
ပို့စ်တစ်ခု အနေနဲ့ လက်ခံပေးဖို့ မေတ္တာရပ်ခံပါတယ်
.... အားလုံးကို ကျေးဇူပါ ...
လေးစားလျက် ...

Anonymous said...

ကျွန်တော် လူမျိုးကြီးတစ်မျိုး (ဗမာမဟုတ်) က အမျိုးသား တစ်ယောက်ပါ။ ကျွန်တော် ရှစ်တန်းလောက်မှာ သခင်စိုးရဲ့ ဘုံဘ၀မှာဖြင့်ကို မူရင်းအတိုင်းစဖတ်ရပါတယ်။ အဓိက ပြောချင်တာ ကောင်းတာရော မကောင်းတာရေ ဖယ်လိုက်ပါ၊ သူကတော့ ဗမာပြည် မြေအောက် တော်လှန်ရေး သမိုင်းမှာ သူ့လိုလူ မရှိဘူးလို့ပဲ ကျွန်တော့်ဥဏ် မစိုစလောက်ကလေးနဲ့ ဆိုပါရစေ။

ကိုအောင် said...

ဟုတ်ကဲ့ ကိုစိုးစိုး စာလာဖတ်တာ ကျေးဇူးပါ။

min nay said...

သခင်စိုးရဲ့ ပထမဆုံးဇနီး၂ယောက် က ညီအစ်မအရင်းဖြစ်တယ်လို့ သခင်တင်မြရေးတဲ့ ဘုံဘဝမှာဖြင့် ထပ်ကြပ်မကွာ ထဲမှာပါပါတယ်ခင်ဗျ.နောက်ဆုံးယူတဲ့ မိန်းမက လဲ မခင်စု ဆိုတာ လဲ မှားနေသလားလို့ ...သခင်တင်မြရဲ့ နောက်ဆုံးထွက် ဘုံဘဝမှာဖြင်ံ့ထပ်ကြပ်မကွာ ကို ဖတ်ကြည့်ပါဦး...ကိုအောင်ရေ...

ကိုအောင် said...

မင်းနေရေ...
ဘုံဘ၀မှာဖြင့် စာအုပ်အပြင် တခြားစာအုပ်တွေ စာတမ်း
တွေလည်း ဖတ်ရူ့ကြည့်ပါအုံး။