Friday 5 June 2009

ကြိုက်ဈေးပေးရင် ရောင်းရန်ရှိသည်

ရေးသူ- စစ်ငြိမ်းဒီရေ

နိုင်ငံတော်လုပ်ကြံမှုအား ကျူးလွန်းခဲ့သူ ဂဠုန်ဦးစောအား သေနတ်ဖြင့်
ပစ်ခတ်လုပ်ကြံရန် ကြိုးစားခဲ့သော ရန်ကုန်ဘဆွေ ဦးဆောင်သည့် အဖွဲ့
တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ တဦး၏ မှတ်တမ်းအား ရောင်းရန် ရှိပါသည်။

ဈေးနှုန်းကတော့ အဆင်ပြေသလို ဖြစ်နိုင်ပါသည်။

မှတ်ချက်။ ။ ၀ယ်ယူသူသည် ကြံ့ဖွတ်နှင့် စွမ်းအားရှင် အစ ရှိသော အဖွဲ့အစည်း
များနှင့် ကင်းရှင်းကြောင်း ထောက်ခံစာ ပါရမည်။
(နောက်ပြောင်နေခြင်း လုံးဝ မဟုတ်ပါ။)

10 comments:

Myo Win Zaw said...

အဲဒါဖြစ်ခဲ့တယ်ဆို ကျွန်တော်လည်းလက်ခံတယ် ဒါပေမယ့် ဒါကိုနအဖက ပုံဖျက်ဖို့လုပ်နေတယ် ဥပမာ ဗိုလိချုပ်တို့က လုပ်ကြံလို့ ဂဠုန်ဥိးစောက ပြန်လုပ်တယ်ဆိုတာမျိုးပေါ့ ရောင်းမနေပါနဲ့ဗျာ သိမ်းထားပါ တချိန်မှာ တန်ဖိုးရှိလာမှာပါ ဂဠုန်ဦးစောက သူ့ကို ကြိုးပေးခါနီး သူ့သမီးကိုပေးတဲ့စာမှာ ဒီသဘောမျိုးရေးခဲ့တယ် အဲဒါအသေအခြာဘဲ

ဂျူနို said...

မအယ်သိထားတာက ဦးစောက လုပ်ကြံတာမဟုတ်ဘူး။
အပေးအယူလုပ်ထားလို့ ကြိုးစင်တက်ခါနီးတောင် ဦးစောက ကယ်သူလာမှာလို့ ယုံနေတယ်တဲ့။

ကိုမျိုးဝင်းဇော် ပြောသလိုလဲ မဟုတ်ဘူး။ ဦးနေ၀င်းလို့ ပြောကြတယ်။

ကိုအောင်ကြီး .com ဘယ်လိုလုပ်လဲ။

mgphonemyint said...

မရောင်းပါနဲ့ဗျာ ...
သိမ်းထားသင့်တယ် ...
ဒါမှမဟုတ် ..စာအုပ်သာထုတ်ပေတော့ ..လူတွေအားလုံး
သမိုင်းတခုကို မတူတဲ့ဒေါင့်က ကြည့်လို့မြင်လို့ရတာပေါ့ ။

ကလူသစ် said...

မှတ်တမ်းတင်ထားတဲ့သူမှာ အခက်အခဲရှိရင်တော့ ရောင်းလိုက်ပေါ့။ တယောက်ထဲ လက်ထဲမှာ သိမ်းထားတာနဲ့စာရင် လူအများလက်ထဲမှာ ရှိတာပိုကောင်းမယ်။

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
အဖြစ်မှန် သမိုင်းဆိုရင် အများပြည်သူနှင့် နောင်လာနောင်သားများ သိစေချင်ပါသည်။

မမသီရိ said...

ဘယ်လောက်လဲ ဈေးပြောပါ..း)

လင်းထက် said...

သမိုင်းမှတ်တမ်းလေး တစ်ခုကို တစ်ချိန်ချိန်တော့ ဖတ်ခွင့်ရမယ်လို့ မျှော်လင့်မိပါတယ်..။

Unknown said...

ဖတ်ချင်ပါတယ်၊ ၀ယ်တော့ မ၀ယ်နိုင်ပါဘူး။

Myat Thwin said...

စာအုပ် ထုတ်ဖြစ်လား။ မထုတ်ဖြစ်လို့ စာမူရောင်းလျှင် ဝယ်ချင်ပါသည်။ (စာရေးဆရာ မြတ်သုတ)

Myat Thwin said...

စာအုပ် ထုတ်ဖြစ်လား။ မထုတ်ဖြစ်လို့ စာမူရောင်းလျှင် ဝယ်ချင်ပါသည်။ (စာရေးဆရာ မြတ်သုတ)