Saturday 11 April 2009

သင်္ကြန်

ရိုးရာပလွေ ရွှင်မြူးလေပြီ
ရွှေရည်ပိတောက် နွေကြိုထောက်ခဲ့
ဂိမာန်အဖွင့် အတာသစ်ပေါ့ ….

ဒို့ရိုးရာမြေ အထက်ညာမှာ
ပုံပြင်ဟောင်းက လက်ဆောင်ကောင်းများ
သည်ချိန်သည်ခါ နိုပ်စက်လေပြီ
သြော် … ငါတို့ ဝေးလွင့်ပြီ …

ရောင်စုံပန်းတို့ ရေကန်တော့မည်
အိုးမည်းပေပွ ပျော်အကဖြင့်
အုန်းလက်မိုးသည့် ဒို့မဏ္ဏပ်မှာ
အကြိုနေ့ဆို ကံပေါ်မုန့်ဟေ့ …

အတာရေဦး လောင်းယူခံကြ
ချစ်သူ့စောင့်စား ပျိုဖြူငယ်များ
ရင်ခုန်နွေးသည့် ရေစိုအလှ
သိကြားမင်း၏ သင်္ကြန်အကျ …

ခါတော်အကြတ် အလှူပြုကြ
ဥပုဒ်တိုးပွား ချစ်ဘိုးဘွားထံ
ဆေးကြောလှီးဖြတ် ကောင်းမှုလုပ်ဆောင်
သည်ရက်မြတ်သည် မဟာတဘောင် …

ကြည်နူးနူတ်ဆက် ဆုံမခက်ဖို့
အလွမ်းခြေရာ မိတ္တူဝေကြ
သောသောညံသည့် သင်္ကြန်အက
အတက်နေ့ဆို ယဉ်ကျေးသဗျ …

ဥတ္တရရောက် သင်းကွဲဌက်များ
လျှောက်ရင်ပျောက်ခဲ့ မြောက်လင်းတန်းနဲ့
ရေကမစို လွမ်းရေစိုသည်
သင်္ကြန်ချိန်ဆို သည်းခြေပျက်ပြီ …

ခါးသည်းရက်များ ကုန်ဆုံးပါစေ
ပန်းငယ်ပွင့်များ ပျော်မဆုံးစေ
ရွှေသင်္ကြန်ပွဲ ခြိမ့်ခြိမ့်နွှဲစေ။ ။


-စစ်ငြိမ်းဒီရေ

9 comments:

ဂျူနို said...

ကိုအောင်ရေ
ခါးသီးရက်တွေ တစ်ကယ်ကုန်ဆုံးစေချင်ပါတယ်။
ပူရ လှောင်ရတဲ့ထဲ အထဲမှာ ဘယ်လိုနေမယ်ဆိုတာ သိနေတယ်။
မအယ်

ဆောင်းယွန်းလ said...

ခါးသည်းရက်များ ကုန်ဆုံးပါစေ
ပန်းငယ်ပွင့်များ ပျော်မဆုံးစေ
ရွှေသင်္ကြန်ပွဲ ခြိမ့်ခြိမ့်နွှဲစေ။
ကဗျာဖတ်ရင်း ရင်ထဲမှာ စိတ်ထဲမှာ သင်္ကြန်ပေါင်းများစွာကျသွားတယ်...
မျှော်လင့်ချက်တွေပြည့်ဝမယ့်နေ့ကို ရောက်ကြရဦးမယ်လို့ မျှော်လင့်နေပါတယ်ဗျာ

Nyein Chan Aung said...

ငယ်ငယ်တုံးက မြန်မာ့ရိုးရာ သင်္ကြန်ကို လွမ်းတယ်ဗျာ။

ခါးသည်းရက်များ အမြန်ဆုံး ကုန်ဆုံးပါစေ.. ကိုအောင်ရေ။

mgphonemyint said...
This comment has been removed by the author.
mgphonemyint said...

မိန်းမ ရပြီးမှ လက်ပိုတက် လာသလိုပ....း)

မိုးမြင့်အောင် said...

ကဗျာကြိုက်တယ်။ ကျနော်ကတော့အခါးတွေပဲသောက်ပါများတော့ အခါးတွေကုန်သွားမှာစိုးတယ်

vanko said...

ကိုအောင်ရေ
စီပုံးထဲဝင်မရလို့ ဒီမှာပဲ ရေးလိုက်ပါတယ်
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ..

သစ်နက်ဆူး said...

ကိုအောင်...
ဒီကဗျာလေးကို ပိတောက်ရနံ့ တွေနဲ့ အတူ ရင်ထဲမှာသိမ်းထားလိုက်ပြီဗျာ...။

ဦးဂင်ကြီး said...

ကဗျာကောင်းလေးပါ ကိုအောင်ရေ