Thursday, 12 February 2009

သူ အလည်လာ၏

တွေးဝေ၍
ဆင်ခြေဆင်လက်များစွာ ပေးတတ်သူတို့ထံ
သူ အလည်လာ၏ ….။

စန္ဒယားတီးသူတို့အား သူ တားခဲ့၏ …
ဆေးရိုးလှန်းသူတို့အား သူ တားခဲ့၏ …
………….
အမှန်တရားအတွက် အားလုံးကို သူ ရင်ဆိုင်၏
လွတ်မြောက်မှုအတွက် အားလုံးကို သူ ရင်ဆိုင်၏
ငြိမ်းချမ်းရေးအတွက် အားလုံးကို သူ ရင်ဆိုင်၏
သူ အလည်လာ၏ ….။

အရိုးခံမြေသည် သူ့ကြောင့် လှပခဲ့၏
အမျိုးအနွယ်တို့လည်း သူ့ကြောင့် တင့်တယ်ကုန်၏
အဖိုးမှန်ရတနာများလည်း သူ့ကြောင့် တောက်ပသွား၏
ရိုးရာသဘင်လည်း သူ့ကြောင့် စည်းကားကြ၏
သူ အလည်လာ၏
လာသွားခဲ့၏ ….။

ထာဝရဘုရားရယ် ကျေးဇူးပါ …
ဓမ္မတရားရယ် မင်္ဂလာပါ …
လောကကြီးရယ် ကျက်သရေ ရှိပါ့ဗျာ …
………….
သူ အလည်လာ၏
လာသွားခဲ့၏ ….။ ။

-စစ်ငြိမ်းဒီရေ

6 comments:

ယောနသံစင်ရော် said...

ကိုအောင်ရေ... ဒီတခါကဗျာလေးကတော့ အတော့ကိုကောင်းတယ်...။ ဒီလိုမျိုးလေးတွေများများရေးနိုင်ပါစေ..။

mirror said...

အစ်ကိုအောင်ရေ...ဒီကဗျာလေးက ကောင်းလိုက်တာ၊
ဒီထက်ပိုပြီး မပြောတတ်တော့ပါ..။

လေးစားခင်မင်လျက်..။

လင်းဒီပ said...

အလည်လာသွားတဲ့လူတစ်ယောက်ကို ခုထိ သတိရနေကျဆဲ..

လင်းထက် said...

သူကမ္ဘာလောကသို့ အလည်လာ၏...
ကျွန်တော် ပျူနိုင်ငံသို့ အလည်လာ၏..

Nyein Chan Aung said...

သူအလည်လာ၏။ တိုတိုတုတ်တုတ်ထိထိမိမိကဗျာ ကောင်းတစ်ပုဒ်ပါ ကိုအောင်။ နောက်ထပ်ကဗျာတွေ မျှော်နေတယ်ဗျို့...။

ဆောင်းယွန်းလ said...

အရိုးခံမြေသည် သူ့ကြောင့် လှပခဲ့၏
အမျိုးအနွယ်တို့လည်း သူ့ကြောင့် တင့်တယ်ကုန်၏
အဖိုးမှန်ရတနာများလည်း သူ့ကြောင့် တောက်ပသွား၏
ရိုးရာသဘင်လည်း သူ့ကြောင့် စည်းကားကြ၏
သူ အလည်လာ၏
လာသွားခဲ့၏ ….။
ဟုတ်တယ် သူလာသွားခဲ့တယ်...သူကတန်ဖိုးမဖြတ်နိုင်တဲ့ အရာကိုမျိုးစေ့ချပေးခဲ့တယ်..
ကဗျာလေးက အရမ်းကိုကောင်းတယ် ကိုအောင်ရေ...

အားပေးလျက်ပါ...