Thursday 29 January 2009

ဧရာဝတီမြစ်များ


ရေးသူ-
စစ်ငြိမ်းဒီရေ

လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။

Ravi.jpg

တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည်
ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို
ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင်
သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။



Irrawaddy.jpg

နောက်ထပ် ဧရာဝတီမြစ် တစ်ခုမှာ မြန်မာပြည် မြောက်ပိုင်း၌ အခြေခံ၍ တောင်ပိုင်းရှိ
အိန္ဒိယ သမုဒ္ဒရာ အတွင်းသို့ စီးဝင် ပါသည်။

အထက်ပါ ဧရာဝတီမြစ်များသည် ရေစီးသော မြစ်များဖြစ်၍ ….
အောက်ပါ ဧရာဝတီမြစ်များက သင့် ကိုယ်ပိုင်စာကြည့်တိုက်တွင် ရှိသင့်ပါသည်။

scan0002.jpg

“ကျွန်တော်သည် ပန်းချီဘက်၌ စိတ်မကုန်ပေ။ တခါတရံ အပျင်းပြေ ရေးမည်ဟု
စိတ်ကူးပေါ်၍ လာသော်လည်း ဆီဆေးများက ဈေးကြီး၍ မ၀ယ်ဖြစ်တော့ပေ။
မူလက ဈေးသိပ်ကြီးလှသည် မဟုတ်ပေ။ အခွန်အကောက်က ကြီး၊ ဆိုင်က အဆ
မတန် ဈေးတင်သည်နှင့် ပေါင်းသော် ဈေးကြီးခြင်း ဖြစ်ဟန်ရှိပေသည်။ အနုပညာ
ပစ္စည်းကိရိယာများမှာ “ဇိမ်ခံပစ္စည်း” နှင့် ခြားနားလျက် အကောက်မဲ့ ဖြစ်သင့်ပေသည်။”
(ဒဂုန်တာရာ ...။စာမျက်နှာ ၁၅၈၊ ၁၅၉။)

lli.jpg

“မည်သည့် ကဗျာဆရာ မဆို ကဗျာစပ်တော့မည်ဆိုလျှင် အာရုံ၊ ဝေဒနာ၊ စကားလုံး
ဟူသည့် ကဗျာ၏ တြိဂံ သဘောကို ရှောင်လွှဲ၍ မရ။”
(တက္ကသိုလ်ဘုန်းနိုင် ...။ အခန်း(၃၂)။)
(မှတ်ချက်။ ။လီရနာ၊ဂင်္ဂါ၊ဧရာဝတီ သည် စာအုပ်မထုတ်ရသေးပါ။ ၁၉၉၁ ခုနှစ်မှ ၂၀၀၂
ခုနှစ် အထိ (၁၁) နှစ် ကြာအောင် ရေးသားထားသော အခန်းဆက် ဆောင်းပါးရှည် ဖြစ်
ပါသည်။)

(ဤမျှသာ။)

9 comments:

လင်းထက် said...

ဟင် စာအုပ်မျက်နှာစာ လေးတွေပဲ မြင်လိုက်ရတော့ ဆန့်ငင် ဆန့်ငင် ဖြစ်သွားတယ် ကိုအောင် တော်တော် ဆိုးတယ်ဗျာ..။

Nyein Chan Aung said...

လာဖတ်သွားတယ်ကိုအောင်

ဆောင်းယွန်းလ said...

ကိုအောင်ရေ.စာလာဖတ်သွားတယ်ဗျ..
အဆင်ပြေရင်ပန်းချီလေးဘာလေးဆွဲလေဗျာ..
အားပေးမှာပေါ့ဗျာ...

ခင်မင်လျက်

မမသီရိ said...

တစ်ခါ မသိခဲ့ ဖူးဘူး..
ကျေးဇူးတင်တယ်..ဗဟုသုတ အသစ်အတွက်..
အဲဒီ စာအုပ်လေး တွေ...အသိတွေ အပူ ကပ်ပြီး
ရှာခိုင်း အုံးမှ...
..လောလောဆယ်...ကိုအောင်ပဲ..နဲနဲ ထပ်မျှပေးပါလား..
အားရင်..ပြောပါတယ်...

poemflower said...

အကိုရေ မသိသေးတာတွေရေးပေးတာကျေးဇူးပါ...

mgphonemyint said...

အေးဗျာ...
တင်ရင်လဲ အစအဆုံးတသ်တာမဟုတ်ဘူး
ဒီက ဒေါင်းလုဆွဲ မလို့ စောင့်နေတာ
ပီဒီအက်ဖ် ပြန်လုပ်ပေး.....

ကလူသစ် said...

မျက်နှာဖုံးတွေ အားရပါးရဖတ်သွားတယ်ဗျို့

wai lin tun said...

ကိုအောင်ရေ
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ လီရနာ၊ ဂင်္ဂါ၊ ဧရာဝတီ စာအုပ်ကို ဘလော့ပေါ်တင်ဖို့ အခက်အခဲရှိရင် အီးမေးကနေ မျှပေးနိုင်မလားဗျာ။ အပြည့်အစုံ မဖတ်ခဲ့ရသေးလို့ပါ။ ကျေးဇူး

Welcome said...

ကိုဝေလင်း ပြောသလို pdf နဲ့ပဲဖြစ်ဖြစ် ရနိုင်မယ်ဆိုရင် မျှပေးစေချင်ပါတယ်။ ကျေးဇူးအထူးပါ။