Thursday, 8 January 2009

တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၁)


ရေးသူ-
ရန်ကုန်ဘဆွေ

(မှတ်ချက်။ ။ ဤစာအုပ်ကို ရေးသားသူ စာရေးဆရာ ရန်ကုန်ဘဆွေသည်
အင်္ဂလိပ် အစိုးရ၏ စစ်မှတ်တမ်းများ၌ အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်များကို
တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ရန်ကုန် မြေအောက်တော်လှန်ရေး၏ ခေါင်း
ဆောင် တစ်ဦး ဖြစ်ပါသည်။ ယခုဖော်ပြသော “တိုက်ယူရသည့် မျက်ရည်
တပေါက်” ၀တ္ထုသည် “ချီလေသော်လည်း” ၀တ္ထု၏ အဆက်ဟု စာရေးဆရာ
က ဆိုထားပါသည်။ ဤ၀တ္ထုအတွင်း၌ ပါရှိသည့် အကြောင်းအရာများသည်
ကိုးဆယ် ရာခိုင်နှုန်းနီးပါး ဖြစ်ရပ်မှန်များကို ဖော်ပြထားခြင်း ဖြစ်ပါသည်။
အချို့နေရာများတွင် စစ်ရုံးချုပ်၏ ကန့်ကွက်မှုအရ နေရာလွှဲထားပါသည်။
ဒု-ဗိုလ်မှူးကြီး မောင်မောင် အပါအ၀င် အရာရှိ ခြောက်ယောက်ကို ဖမ်းဆီး
ထားရာ နေရာသည် ပဲခူးတိုင်း တောင်ငူမြို့မှာ ကရင်ပြည်နယ် သံတောင်မြို့

သို့ သွားရာ လမ်းရှိ ကြားနေရာတစ်ခု (ဥပမာ … ဘောဂလိ့ ရွာ) ဟု သိရပါ
သည်။ ယင်း ကယ်ဆယ်ရေး စစ်ဆင်မှုသည် မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်း
တွင် ရဟတ်ယာဉ် ကို စပြီး အသုံးပြုသော တိုက်ပွဲဟု သိရပါသည်။ ယင်းကယ်
ဆယ် ခံရမှုအပြီးတွင် စစ်အရာရှိ ဗိုလ်မှူးချုပ်မောင်မောင်သည် ဗုဒ္ဓဘာသာမှ
ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့ပါသည်။ သူ့အဖမ်းခံနေရစဉ် ဘာသာကူး
ပြောင်းရေး လာရောက်စည်းရုံးသော ခရစ်ယာန်ဘုန်းတော်ကြီးအား အရွဲ့တိုက်
ပြီး ဒီနေရာက ခုနှစ်ရက်အတွင်း လွတ်ရင် ဘာသာပြောင်း ကိုးကွယ်မည်ဟု
သူက ဆိုခဲ့ပါသည်။ သူ့အား ဖမ်းဆီးထားစဉ် ကျန်းမာရေးအတွက် ပြုစု
စောင့်ရှောက်ရာမှာ သူ့အပေါ် တဖက်သက် မေတ္တာသက်ဝင်နေသော ကရင်
လူမျိုး သူနာပြုဆရာမလေးက သူ့အား လွတ်မြောက်စေလိုသောကြောင့် ဆပ်ပြာ
တုံးပေါ်တွင် မြေပုံဆွဲပြီး သတင်းပေးရာမှ သူတို့အားလုံး လွတ်မြောက်ခဲ့ပါ
သည်။ သူနာပြု ဆရာမလေးမှာ သစ္စာဖောက်မှုဖြင့် လက်နက်ကိုင် အင်အားစု
၏ သေဒဏ်ပေးခြင်းကို ခံရပါသည်။ ထိုကြောင့် ဗိုလ်မှူးချုပ်မောင်မောင်သည်
သူ့အား တဖက်သက် ကြိုက်ရာမှ သူ လွတ်မြောက်ရေးအတွက် အသတ်ခံရ
သော သူနာပြုဆရာမလေးနှင့် ပက်သက်ပြီး ယူကြုံးမရ ဖြစ်ခါ ဘာသာကူးပြောင်း
ခဲ့သည်ဟု တချို့က ဆိုကြပါသည်။ …. ကိုအောင်(ပျူနိုင်ငံ) … )

z1z2.jpg

အောင်လင်း၏အမှာ

လက်ရုံးရည် နှလုံးရည်ထက်မြက်သူတို့အား သူရဲကောင်းဟူ၍၎င်း၊ စွယ်စုံရဟူ၍
၎င်း၊ ရှေးဗမာတို့ ဆိုစကား ရှိသည်။
လူ့သမိုင်းတွင် ဤသို့သော ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ဘူးလေပြီ။ ထိုပုဂ္ဂိုလ်များကို
ချီးကျူးကြရသည်။ ထိုပုဂ္ဂိုလ်များ၏ စွမ်းဆောင်ချက်များကို အားကျမိသည်။

န၀ဒေးသည်၎င်း၊ လက်ဝဲ သုန္ဒရသည်၎င်း။ ဤသို့သော စွယ်စုံရပုဂ္ဂိုလ်များ ဖြစ်
ကြသည်။ သူတို့၏ ရဲရင့်သော သတ္တိ၊ ပြောင်မြောက်သော စွမ်းဆောင်မှုများ
သည် သူတို့၏ စာပေ အနုပညာကို တောက်ပစေ၏၊ ကြွယ်ဝစေ၏၊ ထက်မျက်
စေ၏၊ ခိုင်ခန့်စေ၏။ ယခုခေတ်၌လည်း ဤသို့သော ပုဂ္ဂိုလ်များပေါ်ပေါက်
လာသည်ကို ငြင်းစရာ မလိုဟု ထင်မိသည်။
ဤအချက်သည် စာပေအနုပညာဘ၀မှာ ထင်ဟပ်တေ၀ံပလာခြင်း ဖြစ်သည်
ကို အခိုင်အမာ ပြုလိုက်ခြင်း ပေတည်း။

ယခု ရန်ကုန်ဘဆွေ၏ တိုက်ယူရသည့် မျက်ရေတပေါက်သည် ဓနရှင်လေလုံး
ထွားတို့၏ လက်ရိုးစကားဖြစ်သော “စာသည် စာသက်သက်၊ အနုပညာသည်
အနုပညာသက်သက်” ဆိုသော အယူအဆမျိုးဖြင့် ထွက်လာသော ၀တ္ထုမဟုတ်၊
သူ့ကိုယ်တိုင် တွေ့ကြုံ တိုက်ခိုက်စွန့်စားလာသော တိုက်ပွဲပေါင်းများစွာမှ ပေါက်
ဖွားလာသော ၀တ္ထုဖြစ်သည်။

“တိုက်ပွဲဟူသည် ချီလေသော်လည်း” ၀တ္ထုများကို ဖတ်ပြီးသော ပရိတ်သတ်များ
အတွက် ဤအချက်ကို ရှင်းစရာ မလိုတော့ဟု ထင်မိသည်။
ဤတိုက်ယူရသည့် မျက်ရည် ၀တ္ထုသည် ချီလေသော်လည်း ၀တ္ထုအဆက်ဆိုလျှင်
လည်း မှားမည် မထင်။
သို့သော် စာရေးသူအနေဖြင့် ဤ၀တ္ထုကို တမျိုးတမည် ပေးလိုက်ချင်သည်။
ထိုအမည်ကား ….
တိုက်ယူရသည့် မျက်ရေ ….
သို့မဟုတ် ….
တိုက်ယူ၍ ရခဲ့သော ၀တ္ထု ….

အောင်လင်း

ရန်ကုန်ဘဆွေ
တိုက်ယူရသည့် မျက်ရည်တပေါက်


၁။
အသတ်ခံရမည့် စစ်ဆင်ရေးမှူးချုပ်နှင့်
ဗိုလ်ကြီးခြောက်ယောက်


သတင်းကြားလျှင် ကြားရခြင်း သုံးလေးရက်မျှ နေ့စဉ် ဆက်တက်နေသော
အဖျားကြောင့် အိမ်၌ နားဦးမည်ဟု စိတ်ကူးထားသည်ကို ဖျက်လိုက်၏။

အသစ်စက်စက် ရောက်ရှိလာသော ရုပ်ရှင်အသံဖမ်းစက်ကြီးတွင် ဇောကပ်
နေသည်တို့လည်း ပျောက်သွား၏။

နံနက် ၂-နာရီလောက်မှ အဖျားတက်ရင် ရုပ်ရှင်ခြံထဲက ပြန်လာသောကြောင့်
အိမ်ရှင်မက သည်သတင်းကို ယခု နံနက်မှပြော၏။ ဒါကိုပင် မကြေမနပ် ဖြစ်
ရသေးသည်။ ချက်ခြင်းဆိုသလိုပင် ကိုအောင်ကြီး (ဗိုလ်မှူးချုပ်အောင်ကြီး)
ရှိရာသို့ လိုက်သွား၏။

လက်နက်ကိုင် ကရင်အမျိုးသားတို့လက်ထဲ၌ ဖမ်းထားခြင်း ခံရသော ကိုမောင်
မောင် (မြန်မာပြည်မြောက်ပိုင်း စစ်ဆင်ရေးမှူးချုပ်၊ ဒု-ဗိုလ်မှူးကြီး မောင်မောင်)
နှင့် အခြား ဗိုလ်ကြီးခြောက်ယောက်တို့ကို မည်သည့်နေ့ရက်တွင် သေဒဏ်
အပြစ်ပေးမည်ဟု လက်နက်ကိုင် ကရင်အမျိုးသားတို့က အတိအလင်း ကျေညာ
လိုက်သော သတင်းဖြစ်၏။

ကိုမောင်မောင်နှင့် ဂျပန်မ၀င်မီ အင်္ဂလိပ်ခေတ်ကတည်းက မြင်ဘူးကြရ၏။ ရင်း
နှီးမှု မရှိကြရသေး။
ပျင်းရိခြောက်သွေ့ဘွယ်ကောင်းသည့် ညနေတခုတွင်၊ ဆရာထွန်းရွှေ (နဂါးနီ
ဂျာနယ် စာတည်းချုပ်) သည် ယခု စာရေးသူအား ရေကျော်ဘက်ရှိ အိမ်တအိမ်
သို့ ခေါ်သွား၏။ ထိုအိမ်တွင် သခင်ဗဟိန်း (ကျောင်းသားခေါင်းဆောင်)နှင့်
အတူ စာရေးသူတို့အလျင် ရောက်နေနှင့်ကြသည့် ယခုမှ မြင်ဘူးကြရသော
မျက်နှာစိမ်း လူရှစ်ယောက် တို့ကို တွေ့ရ၏။

မျက်နှာစိမ်းတို့သည် ယခုမှ တွေ့ကြရသူ အချင်းချင်း ရင်းနှီးသော မျက်လုံးတို့
ဖြင့် ခပ်ပြုံးပြုံးကြည့်မိကြသော်လည်း တယောက်နှင့်တယောက် မိတ်မဖွဲ့ကြ၊
နှုတ်မဆက်ကြ၊ နာမည်ကိုလည်း မခေါ်ကြ။

ခေတ္တကြာသောအခါ ကားတစီး အိမ်ခန်းရှေ့သို့ ရပ်လာပြီးလျှင် သခင်ဗဟိန်း
ပါသွား၏။ ည ၇- နာရီခွဲခန့် ရှိသောအခါ ထိုကားပြန်ဆိုက်လာ၍ ကားပေါ်မှ
ပိန်ပိန်ရှည်ရှည် လူငယ်တယောက် ဆင်းလာသည်။ ကုတ္အက်ႌ အေတာ္ဖါးဖါး
ကို ၀တ္ထား၏။ မွန်ရည် ယဉ်ကျေးသော အမူအရာရှိ၏။ မျက်နှာတည်တန့်
ရင့်ကျက်၏။ နူးညံ့သိမ်မွေ့သော အသံနှင့် တိုးတိုးသက်သာ စကားပြော၏။ နှစ်
လိုဘွယ်သော အပြုံးကိုလည်း ပြုတတ်၏။ ထိုသူသည် သူ မသိသော လူတစုကို
ကြည့်ကာ “စောင့်နေရတာ တော်တော်ကြာကြပြီ ထင်တယ် …” ဟုပြော၏။

ထို့နောက် စာရေးသူတို့ အားလုံးအား ရိုင်ဖယ်သေနတ်ကို မည်သို့ပစ်ရသည်၊
မည်သို့ဖြုတ်ရ တက်ရသည်၊ အစိတ်အပိုင်းပေါင်း မည်မျှပါသည်ဟု စိတ်ရှည်
လက်ရှည် သင်ပေးနေ၏။ ည ၁၀- နာရီခန့်တွင် အိမ်ရှေ့သို့ ကားပြန်ရောက်
လာမှ သူမသိသော လူအားလုံးကို ပြုံး၍နှုတ်ဆက်ခါ ပြန်သွား၏။

နောက်မှ သိရသည်ကား ထိုသူသည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂတွင်
နောက်ကွယ်က တာဝန်ယူရသူဖြစ်လျက် တက္ကသိုလ် အပျော်တမ်း စစ်တပ်တွင်
လည်း ပါဝင်ထမ်းဆောင်နေသူ တဦးဖြစ်သည်ဟု ဆို၏။

မြောင်းမြထောင်ရှိ နိုင်ငံရေးသမားအားလုံးတို့ကို ရွှေဘိုထောင်သို့ ရွေ့ပြောင်း
ပစ်ရမည်ဟု အင်္ဂလိပ်အစိုးရတို့က စီစဉ်မှု တခုပြု၏။ ထိုအစီအစဉ်အရ မြောင်း
မြထောင်တွင်းရှိ နိုင်ငံရေးသမားအားလုံး ရန်ကုန်သို့ ရောက်ရှိလာကြ၏။ ထိုအချိန်
၌ ရန်ကုန်မြို့မှ အစိုးရသည် အထက်ပိုင်းသို့ ရွေ့ပြောင်းနေကြသော နေရာနှင့်
တိုက်ဆိုက်နေ၏။

ဤတွင် ဆရာချစ် (ယခုကွန်မြူနစ်ပါတီတောခို)က၊ စာရေးသူတို့ကို လာရောက်
တွေ့ဆုံ၍ “ဖြစ်သည့်နည်းနှင့်ထွက်ပြေးပြီးလျှင် မြစ်ဝကျွန်းပေါ်တာဝန်ခံ၊ ဗိုလ်အောင်
နှင့် သွားတွေ့ပါ၊ သတင်းနှင့် အမိန့်ကိုလည်း သွားပို့ပေးပါ” ဟုပြော၏။

စာရေးသူတို့က အစောင့် စစ်ပုလိပ်တွေ၏ ကြားမှ ထွက်ပြေးကြပြီးလျှင် ဗိုလ်မှူး
နေ၀င်း (ယခုဗိုလ်ချုပ်ကြီး)နှင့် သင်္ကန်းကျွန်းတွင် သွားရောက် တွေ့ဆုံကြရ၏။
ထို့နောက် စာရွက်စာတမ်းများ အမိန့်စာများကို ယူလာကြပြီးလျှင် မြောင်းမြခရိုင်
ဝါးခယ်မ နောက်ဖေးရှိ ကျုံလမု ချောင်းကလေးဆီသို့ ရန်ကုန်မှနေ၍ သုံးရက်နှင့်
အရောက် ခြေလျင်ခရီး သွားကြရ၏။


(ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ဝတ္ထုစာအုပ်ထဲက အရင်ခေတ် စာလုံးပေါင်းသတ်ပုံ အတိုင်း ဖော်
ပြထားပါသည်။ ယင်းဝတ္ထုသည် ယနေ့ခေတ်တွင် ပြန်လည်ထုတ်ဝေခြင်း မရှိ
တော့သည့် အတွက် သမိုင်းလေ့လာသူများ အကျိုးဖြစ်ထွန်းစေရန် စေတနာဖြင့်
ဖော်ပြခြင်းသာ ဖြစ်ပါသည်။ … ကိုအောင်(ပျူနိုင်ငံ) ….. )

4 comments:

Nyein Chan Aung said...

ရန်ကုန်ဘဆွေရဲ့ ရှားပါးဝတ္တူကို ပြန်လည်ဖော်ပြပေးတာ ကျေးဇူးပဲကိုအောင်။

တောင်ပေါ်သား said...

ကိုကြီးရေ ကျေးဇူး ကျနော် Print ထုတ်လို့ရမလား အကို

thorn musem said...

ကိုအောင်...
ဆက်ရေးပါကိုအောင်ရေ..
ရှားပါးဖြစ်ရပ်မှန်တွေကိုဖတ်ရတာ တန်ဘိုးရှိတယ်..
အခုလို ပြန်တင်ပေးတဲ့ အတွက်လဲ
ကျေးဇူးဘဲ ကိုအောင်ရေ..။

Anonymous said...

ကျွန်တော်ကတော့နောင်လဲအမြဲတမ်းဖတ်လို့ ရအောင်ပီဒီအက်ဖ်လေးလုပ်ထားချင်တော့တာပါဘဲ။အား
လုံးအပြည့်အစုံပြီးသွားတဲ့အခါကျရင်-