skip to main |
skip to left sidebar
skip to right sidebar
ကျန်းမာရေး ဆိုးဝါး နေသော နိုင်ငံရေး အကျဉ်းသားများ
ယနေ့ သတင်း … … …
(၁) ဒေါ်စန်းစန်းတင်(ခ)မားမားသည် အင်းစိန်ထောင်တွင်(ဆီးနှင့်ကျောက်
ကပ်) ရောဂါ ခံစားနေရပြီး ခွဲစိတ်ကုသ ပေးမည်ပြောပြီး ယနေ့ ထိ နေ့ ရက်
တိကျကျ ပြောဆိုခြင်း မရှိဟု သိရသည်။
(၂) ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရပြီး စစ်တွေထောင်သို့ ပြောင်းရွေ့
ခြင်း ခံထားရသော ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်
သော ကိုသန်းတင်(ခ)ကြီးသန်း၏ ကျန်းမာရေး အခြေအနေဆိုး ၀ါးလျက်ရှိကြောင်း သိရသည်။ မိသားစုမှ မနက်ဖြန် ထောင်ဝင်စာ လိုက်သွား
မည်ဟု သိရသည်။
(၃) ထောင်ဒဏ် ၆၅ နှစ်ချမှတ်ခံထားရပြီး မြင်းခြံထောင်သို့  ပြောင်းရွေ့
ခြင်းခံထားရသော ၈၈မျိုးဆက် ကျောင်းသူခေါင်းဆောင် တစ်ယောက်
ဖြစ်သော မသက်သက်အောင်အား မြင်းခြံထောင်တွင် မိသားစုမှ
ထောင်ဝင်စာ တွေ့ ခွင့်ရခဲ့ကြောင်း သိရသည်၊
(၄) ထောင်ဒဏ် ၁၄ နှစ် ၆ လ ချမှတ်ခြင်း ခံထားရသော
ကိုကျော်စွာဌေးခေါ် ကိုကျော်စွာအား နိုဝင်ဘာလ(၂၆) ရက်နေ့
တွင် ဗန်းမော်ထောင်သို့ ပြောင်းရွေ့ လိုက်ကြောင်း သိရသည်။
0 comments:
Post a Comment