Sunday 23 November 2008

ဖြတ်လေးဖြတ် စနစ်


zzseasons-board.jpg


(မှတ်ချက်။ ။ ဇင်+ ချစ် နောက်ဆုံး (၂) စာအုပ်မှ ကောက်နုတ်
ဖော်ပြပါသည်။ စာမျက်နှာ- ၂၉၀)

ပြည်သူ့စစ် မဟာဗျူဟာနှင့် နည်းဗျူဟာတို့၏ ရေသောက်မြစ်
သည် “တိုင်းပြည်၏ အားသည် ပြည်တွင်း၌သာ ရှိသည်” ဟူသော
တိုင်းချစ်ပြည်ချစ် စိတ်ဓါတ်ပင် ဖြစ်သည်။

ပြည်သူ့စစ် နည်းဗျူဟာမှာ ဖြတ်လေးဖြတ် စနစ်ပင် ဖြစ်ပေသည်။
ဖြတ်လေးဖြတ် စနစ် ဆိုသည်မှာ သောင်းကျန်းသူတို့အား -

(၁)ရိက္ခာ ဖြတ်တောက်ခြင်း။
(၂)ဆက်ကြေးများ ဖြတ်တောက်ခြင်း။
(၃)ပြည်သူလူထု တရပ်လုံးက သောင်းကျန်းသူများနှင့် အဆက်ဖြတ်
ခြင်း။
(၄)ပြည်သူလူထု ကိုယ်တိုင်က သောင်းကျန်းသူများကို ခုခံချေမှုန်း
သတ်ဖြတ်ခြင်း စသည်တို့ပင် ဖြစ်သည်။

ဤသို့ဖြင့် ပဲခူးရိုးမ ဒေသ အထူးစစ်ဆင်ရေး ဌါနချုပ် စစ်ဆင်ရေးမှူး
နှင့် အလယ်ပိုင်းတိုင်း စစ်ဌါနချုပ် တိုင်းမှူး ဗိုလ်မှူးကြီး သန်းတင်
သည် ပြည်သူကို အခြေခံသော ပြည်သူ့စစ် နည်းဗျူဟာ ဖြတ်လေး
ဖြတ် စနစ်ကို ၁၉၇၄- ခုနှစ် ဇွန်လ ၁၈ -ရက်နေ့တွင် စတင်၍
အကောင်အထည် ဖော်ခဲ့လေသည်။

1 comments:

mirror said...

အစ်ကို စာစုံဖတ်ဖို့ ကြိုးစားနေဆဲ၊ဖတ်နေဆဲ
လူတစ်ယောက်အတွက် အစ်ကိုသိသမျှဖတ်သမျှ
မျှဝေပေးထားတာကျေးဇူးပါ
အပွင့်လင်းဆုံးပြောရရင် ညီမတို့ဒါတွေကိုလက်လှမ်းမမှီဘူး
သိလဲမသိခဲ့သလို နားလည်မလည်ခဲ့ဘူး
ကျေးဇူးပါ
ဆက်လက်စောင့်မျှော်လျက်
ခင်မင်လေးစားစွာ
ညီမ
Mirror