skip to main |
skip to left sidebar
skip to right sidebar
မြန်မာ ရာဇတ်ဝင်ထဲက ဒိန်းမတ်နိုင်ငံသား
(မှတ်ချက်။ ။ ဆရာမြသန်းတင့်၏ တောင်သမန် ရွှေအင်းက လေညှင်း
ဆော်တော့ စာအုပ်မှ ကောက်နုတ် ဖော်ပြပါသည်။ စာမျက်နှာ -၄၅၉၊
၄၆၀။)
၁၈၈၄ ခုနှစ် နိုဝင်ဘာလ ထဲတွင် ကချင်နှင့် တရုတ် သူပုန်များက
ဗန်းမော်မြို့ကို ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ထိုအဖြစ်အပျက်သည် အထက်
မြန်မာနိုင်ငံ အစိုးရ နယ်ပယ်များတွင် ငြိမ်သက်မှု မရှိကြောင်းကို ပြသည့်
သက်သ အထောက်အထား ဖြစ်သည်ဟု ဗြိတိသျှတို့က ယူဆကြသည်။
သူပုန်များသည် ငြိမ်သက်မှုမရှိသော အခြေအနေကို ကြည့်၍ အတင့်ရဲလာ
ခဲ့ကြကာ ဗန်းမော်မြို့ကို သိမ်းပိုက်ထားပြီးနောက် မြို့ထဲရှိ ဥစ္စာပစ္စည်းတို့
ကို လုယူကြသည်။ ဤတွင် မြို့သူမြို့သားတို့သည် ဧရာဝတီမြစ်ကမ်းရှိ
သောင်ပြင်များသို့ ထွက်ပြေး ပုန်းရှောင် ကြသည်။
ထိုအချိန်တွင် ဧရာဝတီ ဖလိုတီလာ ကုမဏီမှ ဒိန်းမတ်လူမျိုး မာလိန်
ယန်တန်းဒရွတ် ပဲ့ကိုင်သည့် ကဗြူ သင်္ဘောသည် လာနေကျ အတိုင်း
ဗန်းမော်မြို့အနီးသို့ ချဉ်းကပ် လာခဲ့သည်။ ကဗြူသည် မူလက ချင်းတွင်းမြစ်ကြောင်းတွင် ပြေးဆွဲနေသည့် သင်္ဘော ဖြစ်သော်လည်း ရေနည်းချိန်
ဖြစ်သဖြင့် ချင်းတွင်းဘက်မှ ဧရာဝတီမြစ်ကြောင်းဘက်သို့ ကူးပြောင်း
ပြေးဆွဲနေသည်။ ကဗြူမှာ နှစ်ထပ်သင်္ဘောတစ်စင်း ဖြစ်ပြီး ကုန်းပတ်
ကလည်း ကျယ်ပြန့်သည်။ သူနှင့်အတူ နှစ်ထပ်သမ္ဗန် တစ်စင်းကိုလည်း
ဆွဲလာခဲ့သေးသည်။
သောင်ပြင်တွင် စုဝေးနေကြသည့် ဒုက္ခသည်များသည် သူတို့ကို တခြား
သို့ ခေါ်ဆောင်သွားရန် တောင်းပန်ကြသည်။
ဒိန်းမတ်လူမျိုး မာလိန် တန်းဒရွတ်သည် အသက် နှစ်ဆယ်လေးနှစ်မျှ
သာ ရှိသေးသည့် လူငယ်ကလေး တစ်ယောက် ဖြစ်သည်။ မာလိန်ဖြစ်
သည်မှာလည်း မကြာသေး။ မာလိန် တန်းဒရွတ်သည် သတ္တိကောင်းသူ
ဖြစ်သည်။ သူသည် အထက်သို့ လိုက်ပါမည့် ခရီးသည်များအား တစ်
နေရာတွင် ချပစ်ခဲ့ပြီး ဗန်းမော်ဆိပ်ကမ်း သောင်ပြင်တွင် စုရုံးနေသည့်
ဒုက္ခသည်များကို နှစ်ကြိမ်တိုင်တိုင် သွားရောက် ကယ်ဆယ်ပြီး အောက်
ဘက်သို့ စုန်ဆင်းပို့ခဲ့သည်။ ထိုအထဲတွင် ဥရောပတိုက်သား သာသနာ
ပြုများ၊ ကုန်သည်များနှင့် မိမိတို့အိမ်များ မီးရှို့ခံကြရသည့် မြန်မာ
အမျိုးသားများ အများအပြား ပါကြသည်။ မာလိန် တန်းဒရွတ်သည်
ဒုက္ခသည်များကို လုံခြုံဘေးကင်းရာသို့ ပို့ပစ်ခဲ့ပြီးနောက် အခြေအနေ
ကို အစီရင်ခံရန် မန္တလေးသို့ စုန်ဆင်း လာခဲ့သည်။ သို့ဖြင့် ဗန်းမော်-
မန္တလေး သင်္ဘော အဆက်အသွယ်ကို ကာလ အတန်ကြာမျှ ရပ်ဆိုင်း
ထားခဲ့ပြီး ဗန်းမော်မှ သူပုန်တို့ ထွက်ခွာသည့်အခါတွင်မှ ပြန်လည်ပြေး
ဆွဲ ခဲ့သည်။
3 comments:
ကိုအောင်ရော... ... ဒိန်းမတ်ရာဇဝင် ထဲက မြန်မာနိုင်ငံသားဖြစ်အောင်လုပ်လိုက်လေ..
Yes, you are right. YaNaThan! Ko Aung becomes one of the greatest Burmese in Denmark history one day. Who knows?
ပြောချင်တာလေးပဲပြောပြီး ရပ်သွားတယ်....
ဆက်လို့ရသေးလား....
Post a Comment