Wednesday, 19 November 2008

ခွင့်လွှတ်ပါ... ပြင်မယ်ဗျို့


(ဖြေရှင်းချက်။ ။)

မြန်မာပြည် အတွင်းတစ်နေရာက ကျနော့် သင်ဆရာ၊ မြင်ဆရာ
တစ်ဦး အင်တာနက်ပေါ်က ကျနော့် ဘလော့လေးကို မျက်စိလည်
လမ်းမှားပြီး တွေ့သွားပါတယ်။ ပြီးတော် စာ မတို မရှည် တစ်စောင်
ရေးပြီး အမှားတွေ များနေတယ် ပြင်ပါတဲ့။ သတ်ပုံ အမှား၊ ချပြမှု
အမှား၊ အယူအဆ ကောက်ကြောင်းဆွဲပုံ အမှား၊ ဒေါသ သင့် စာပေ
အမျိုးစုံပါပဲ။ အဓိက က ရွေးချယ်ခြင်း နဲ့ ရုန်းကန်ခြင်း ဆောင်းပါးများ
အပါအ၀င် ကဗျာ တစ်ပုဒ်၊ နုတ်ဆက်ခြင်း တစ်ပုဒ်တို့ပါ။

ကျနော့်ဘလော့မှာ အဲဒီ ပို့စ်တွေ စ’တင်တုန်းက စီဘောက်အတွင်း

အားပေးခဲ့တဲ့ မိတ်ဆွေ သူငယ်ချင်းတွေ၊ ကော်မန့် ရေးကြတဲ့
အရင်းနှီဆုံး မိတ်ဆွေတွေ အားလုံးကို အထူး တောင်းပန် ပါတယ်။
ခွင့်လွှတ်ပါ … ။

ကဗျာလေး တစ်ပုဒ် လောက် ရေးခြင်း သပါ့။

“လူ့ဂွစာ”
သူ့လွယ်အိတ်ထဲ ပေတံအပြည်နဲ့
လူ့ဂွစာ။ ။

-စစ်ငြိမ်းဒီရေ

4 comments:

Nyein Chan Aung said...

ကျနော်လည်း ယယစ်နဲ့ယပင့်ကိစ္စအမြဲမှားတယ်ဗျ..

လင်းထက် said...

အမှားမြင်လို့ အမှန်ပြင် လိုက်တာ အလွန်ကောင်းတဲ့ ကိစ္စတစ်ရပ်ပဲဗျ..။
ရှေ့ကို ဆက်လက် ချီတက်နိုင်ပါစေဗျာ..။

ဆောင်းယွန်းလ said...
This comment has been removed by the author.
ဆောင်းယွန်းလ said...

လာဖတ်တယ်ကိုအောင်ရေ.သေသေချာချာဖတ်ပြီးမှကွန်
မန့်ပြန်ရေးခဲ့ပါတယ်.ပထမကွန်မန့်ကမှားသွားလို့ပြန်ဖျက်လိုက်ရတယ်.ဒီပို့စ်မှာရေးထားတဲ့ကဗျာလေးကအရင်ကသတ်ပုံအမှားတွေနဲ့ရေးထားခဲ့တဲ့ကဗျာကိုပြန်တင်ပေးလိုက်တာလား.ကျနော်မျက်စိလည်နေလို့မေးတာပါ...
ခင်မင်လျက်...