Thursday 13 November 2008

အေးစက်နေတဲ့ လပြည့်ည

ရေးသူ- စစ်ငြိမ်းဒီရေ


zzfmoon.jpg

ရှေးယခင် ဆေးပေါင်းခတဲ့ ညမှာ
အောက်လမ်းဆရာက … …
ရက်မှမလည် ဆုံးရှာသူရဲ့
သင်္ချိုင်းဂူထိပ်
န’ငယ် နကွင်းပိတ်ကို ရေးဆွဲ
သနားဖွယ် ဖုတ်သွင်း သရဲမကို
ဥစ္စာစောင့် သိုက်နန်း သော့ဖွင့်ခိုင်းတယ်။

ရှေးယခင် ဆေးပေါင်းခတဲ့ ညမှာ
အထက်လမ်းဆရာက … …

သိုင်း’ဆင်း ပွဲတပည့်များရဲ့
ချက်’ အထက် ကိုယ်ခန္ဓာတလျှောက်
ယုံကြည်ခြင်း ဆေးမန်းတွေကို ပေါက်ပြီး
လ’ရောင်ခံ လင့်စင်စောင်းမှ
ကန်ချမှုနဲ့ ဂုဏ်ပြုခဲ့တယ်။

ဒီတခါ ဆေးပေါင်းခတဲ့ ညတော့
အမျိုးမြတ်တဲ့ ညီအကို’တသိုက် အတွက်
အေးစက်နေတဲ့ လ’ကို
၆၅ ကြိမ် မတွေ့ရစေဖို့
တောင်းဆု ချွေတယ်။ ။

6 comments:

ATN said...

စိတ်ကူးတွေ တူနေပါပေါ့လား ကိုအောင်ရေ့....

Nyein Chan Aung said...

ကောင်းတယ်ဗျာ။

ငြိမ်းချမ်းအောင်

ဆောင်းယွန်းလ said...

ကဗျာလေးကောင်းတယ်ကိုအောင်ရေ..
ညီအကိုတွေအတွက်လှပတဲ့ဆေးပေါင်းခညတွေရောက်
လာဦးမှာပါဗျာ....

ဒူကဘာ said...

ခံစားနေရတဲ့ ရင်ဘတ်ကြီးမှာ ထပ်တူကျ စကားလုံးတွေနဲ့ ပစ်ပေါက်သလားတောင် ထင်သွားရတယ် ကိုအောင်....?

ယောနသံစင်ရော် said...

ကိုအောင်ရေ... နောက်တခေါက် ဆေးပေါင်းခတဲ့ည မှာ ဆေးကြိမ်လုံးနဲ့ မသမာသူတွေကို ရိုက်ပြီးတောထုတ်တဲ့ အကြောင်းကိုဆက်ရေးနိုင်ပါစေ။

Retkhita said...

သိပ်ကောင်းတဲ့ကဗျာပဲဗျို့