Wednesday, 19 March 2008

တက္ကသိုလ် ကျောင်းသား ဘ၀ က ဒို့ သချာင်္ အပိုင်း(၁)

ရေးသူ -အောင်ခင်မြင့်


အခုတလော ကျောင်း ကို အရမ်း သတိရ မိပါတယ်။ ကျနော် ဆိုလို တဲ့ ကျောင်း
ဆိုတာ က ရန်ကုန် တက္ကသိုလ် ရဲ့  လက်အောက် ခံ လှိုင် နယ်မြေ ကို ဆိုလို
တာပါ။ တနေ့ က အင်တာ နက် မှာ တွေ့ လို တွေ့ ငြား ကျောင်း ဓါတ်ပုံ တွေ ရှာ
ကြည့် တော့ ဇော်မင်းဒွေး ဓါတ်ပုံ ကြီး ကို သွားတွေ့ တယ်။ 94-95-96 ခုနှစ် လှိုင်
နယ်မြေ မှာ ကျောင်းတက်ဘူးတဲ့ သူတွေ သူ့ ကို မှတ်မိ နိုင်ပါတယ်။ သူ က လှိုင်နယ်
မြေ ကြက်ခြေ နီရုံးခန်း ကို အပိုင် စီးထား တဲ့ ကျနော် တို့  သင်္ချာ က ကျောင်းသား
ပါ။ နေရာ တိုင်းမှာ သူပါ လို့  တခြား မေဂျာ က ကျောင်းသား ကျောင်းသူ တွေက
သူ့ ကို ‘ရာပါ ကြီး” ‘မှန်ကြောင်‘ လို့ လည်း ခေါ်ပါ တယ်။ လူ ပုံစံ က ၀၀ တုတ်တုတ်
အရပ် က ပု ပြတ်ပြတ် မျက်မှန် နဲ့  ကျောင်းသား တစ်ဦး ပါ။လှိုင် နယ်မြေ က ကြက်
ခြေ နီ ရုံးခန်း ဆိုရင် သူ့ ရဲ့  ဟောက်ဖွာ ဟောက်ဖွာ စကား သံနဲ့  တင် စည်းကား ခဲ့
တာ ပါ။

ကျောင်းသူ ချောချော လှလှ လေးတွေ အခန်း ရှေ့ က ဖြတ်လျှောက် သွားရင်
‘ ညီမ လေး တို့  ကြက်ခြေ နီ အသင်းဝင် ဖောင် ယူမလား၊ ကျောင်းတက် နေရင်
နေထိုင် မကောင်း ဖြစ်ရင် ဒီကို အချိန် မရွေး လာခဲ့၊ ဘာညာ ….‘ လို့ ပြောပြီ မျက်နှာ
က ရွှန်းရွှန်း ဝေလို့ ။ ယောင်္ကျား လေးတွေ ဆိုရင် ‘ဘာကိစ္စ လဲ … ဘာလုပ် မလို့ 
လဲ…‘ လို့  ဟောက်ထုတ်ပါတယ်။ သူ က ဒဂုံ အထက 2 ကနေ ဆယ်တန်း အောင်
မြင် ခဲ့ပြီ စမ်းချောင်း မြို့ နယ် မှာ နေထိုင် ပါတယ်။




zaa.jpg

ကျနော် နဲ့  ဇော်မင်းဒွေး က ရေစက် မကုန် နိုင်ဘူး ထင်ပါ တယ်။ 97-98 ခုနှစ်
ရန်ကုန်နည်း ပညာ တက္ကသိုလ် (ယခင် ရန်ကုန် စက်မှု တက္ကသိုလ်) မှာ ညနေပိုင်း
အင်ဂျင်နီယာ ဒီပလိုမာ သင်တန်းတွေ ဖွင့်တော့ လည်း ထပ် ဆုံ ကြ သေးတယ်။
ဒါပင် မဲ့ မေဂျာတော့ ကွဲ သွား ပါပြီ ။ သူ့ က EC ။ ကျနော် နဲ့  စိုင်းဆိုင်ဝမ်း(သူလည်း
သချာင်္ ကပါ) က Building Technology တက်ခဲ့ ကြ ပါတယ်။ အဲဒီ မှာ လည်း သချာင်္
က ကျောင်းသားတွေ လာတက် တာ အများ ကြီး ပါ ။ ကျနော် သတိ အရ ဆုံး က
ကျနော် တို့ (RC 2) လှိုင် နယ်မြေ သချာင်္ မေဂျာ က ကျောင်းသား ကျောင်းသူ တွေ
ပျော်ပွဲစား ခရီး သွားဖို့ ဝါသ နာ ကြီးကြောင်း ပါ။ ကျနော် တို့  လှိုင်နယ်မြေ ကြက်ခြေ
နီ အသင်း ရဲ့ အတွင်းရေးမှူး လုပ်တဲ့ ကိုကျော်နိုင် လည်း ကျနော် တို့  သချာင်္ မေဂျာ
က ပါ။ လူ ပုံစံ က ပိန်ပိန် အရပ် က ရှည်ရှည်။ သူ လိုက်ကြိုက် တဲ့ ကောင်မလေး
က Chemistry မေဂျာ က။ အဲဒီ ကျောင်းသူ လည်း ကျနော် တို့  မေဂျာ က Picnic
ထွက်ရင် အမြဲ တမ်း ပါဝင် လို့  သူကို မသိတဲ့ သချာင်္က ကျောင်းသား ကျောင်းသူ
တွေ ဆိုရင် သချာင်္ ကျောင်းသူ လို့  ထင်ကြ ပါတယ်။ ကျနော် တို့  ကျောင်းထဲ စရောက်
တဲ့ 94 မှာ ကျောင်းက တစ်နှစ် ပြည့်အောင် မတက်ရ ပါဘူး။ တစ်တန်း ကို 4 လ 5
လ နဲ့  အပြီ တက်ခဲ့ ကြ တာပါ။ အဲလို အချိန် တိုကျောင်းတက် ရချိန် မှာတောင် သချာင်္
မေဂျာက ကျနော်တို့  တတွေ Picnic ဆိုတဲ့ အသံကြားရင် ညဘက် အိပ် မပျော် ဘူး
ပျော်လို့ ။ ဒီခေတ် ကျနော်တို့ နောက်ပိုင်း မျိုးဆက်သစ်ကျောင်းသား တွေ ရော သူတို့
ရယ့် ကျောင်းသား ဘ၀ ကို စစ် အာဏာ ရှင် တွေ ဘယ်လောက်တောင် ရက်ရက်
စက်စက် အနိုင် ကျင့် နေကြ ပြီလည်း ကျနော် တွေးပြီ စိတ်မကောင်း ဖြစ် မိတယ်။

‘ရာစုသစ် မြစ်ကျဉ်း‘ ကဗျာ စာအုပ် လှုပ်ရှား မှု နဲ့  96 ဒီဇင်ဘာ ကျောင်းသား
တော်လှန်ရေး ကြား ကာလ မှာ ကျနော်တို့ တတွေ လှိုင်နယ် မြေ ကို ရောက်ခဲ့ ကြ
ပါတယ်။ တစ်လကို အနည်းဆုံး တစ်ခါ လောက် Picnic အစီ အစဉ် တွေ လုပ်ကြ လို့ 
ကျနော် တို့ လှိုင်နယ်မြေ သချာင်္ ဌာန မှူး ဆရာကြီး ဒေါက်တာ ခင်မောင်ဝင်း က သူ့
တပည့် တွေ ဖြစ်တဲ့ ကျနော်တို့ ကို တား ယူ ခဲ့ရ ပါတယ်။ ဆရာကြီး ဘယ်လိုပဲ
မေတ္တာ ရပ်ခံ ကျနော် တို့ က တော့သွားဖို့  ပိုက်ဆံ မရှိတဲ့ နောက်ဆုံး မှာ ‘သာဓု‘
ကန် ဘက် ချီတက် ကြ ပါတယ်။ ပထမ နှစ်ကျောင်းသား ဘ၀ မှာ ကျိုက်ထီးရိုး ဘုရား
နဲ့ သာမည တောင် ဆရာတော် ကြီးထံ တစ်ကြိမ၊် ပုဂံ ဘုရား ဖူးက တစ်ကြိမ် ရက်ရှည်
ခရီး တွေ ထွက်ခဲ့ ကြ ပါတယ်။

2 comments:

မြန်မာပြည်ကိုလွမ်းတယ် said...

ကိုအောင်ကသင်္ချာကျောင်းသားကိုး၊ဒါကြောင့်
ဒီလောက်ဥာဏ်ကောင်းနေတာနေမှာ။

မောင်မျိုး said...

ကျောင်း အကြောင်းလေားဖတ်ရတော့ သူငယ်ချင်းတွေနဲ့  ကျောင်းကြီးကို လွမ်းလိုက်တာဗျာ။
ပျော်ရွှင်ခဲ့ရတဲ့ အတိတ်နေ့ ရက်တွေပေါ့ ။