Monday, 10 March 2008

‘ပလုံ‘ကဗျာ လေး နဲ့ ကိုရွှေဘုန်း နှင့် စပ်စိန်မင်း တို့ အား သတိရ မိခြင်း

ရေးသူ - အောင်ခင်မြင့်

‘ပလုံ‘
(ကဗျာ ရေးသူ ။ ။ ကိုရွှေဘုန်း - တာရာမင်းဝေ)

‘ပလုံ‘
ရေထဲ ကို ခဲ ကျသွားတာလည်း
ဖြစ်နိုင်တယ်
ရေထဲ က ငါး ခုန်တက်လာတာလည်း
ဖြစ်နိုင်တယ်
တနေ့ မှာ ငါ့ အတ္တုပ္ပတ္တိ ကို
ငါ ဖွင့်ကြည့်လိုက်တယ်
ဘယ်လို ဖြစ်သွားသလဲ မသိဘူး
‘ပလုံ‘

အထက် ဖော်ပြပါ ကဗျာ လေး ကို ကျနော် စ ကြား ရ ချိန် မှာ………..




1990 ခုနှစ် စက်တင်ဘာ လကုန် ပိုင်း လောက် ဖြစ်မည် ဟု ကျနော် ထင် ပါသည်။
အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချူပ် ၏ ဂန္ဒီ ကြေငြာ စာတမ်း ကို ထောက် ခံမှု ဖြင့် 1990
ခုနှစ် သြဂုတ် လ ရှစ်ရက် နေ့ မှ စ၍ အကသ ( အခြေ ခံ ပညာ ကျောင်းသား များ
သမဂ္ဂ BESU ) မှ အဖွဲ့ ဝင် ကျောင်းသား များ သည် အင်းစိန် တွဲဖက် ထောင် သို့  သူ့
ထက်ငါ အလျင် အမြန် ရောက်ရှိ ကြပါ တော့ သည် (ရှစ်လေး လုံး နှစ် ပတ်လည် နောက်
ပိုင်း)။ ကျနော် သည်အဆောင် နှစ် ၏ သရဲ ခြောက် သည် ဟု နာမည်ကျော် သော
အခန်း နံပါတ် (22) တွင် စတင်နေရ ပါသည်။ တနေ့ တွင် တဖက် ခန်း ရှိ ပေတရာ
ပေါ် ပြောက်ကျားသပိတ် တိုက်ပွဲ တွင် ခင်မင် ရင်းနှီး ခဲ့သော ဆန်းဝင်းမောင် (တာမွေ
အထက ‘3‘ အကသ ) ထံသို့ ဆေးလိပ် မီး ပြစ်ပေး ရာ မီးဆွဲ နေသော ဆေးလိပ် ကို
ချည် ထားသည့် ကြိုးနှင့် သူတို့  အခန်း အပြင်ရှိ သောက်ရေအိုး နှင့် ချိတ် မိပြီ သောက်
ရေအိုး ကျကွဲ သွားပါသည်။ ထိုအခါ ထောင် ၀ါဒါက ကျနော်ကို နားရင်း နှစ်ချက် ရိုက်ပြီး
ကိုရွှေဘုန်း တို့ အခန်း သို့  ပြောင်းရွေ့ လိုက်ပါသည်။ ကိုရွှေဘုန်း သည် ထိုအချိန်က
ကျနော်တို့ တွဲဖက်ထောင်ဘက်သို့  ရောက်ခါ စ ဟု သိရ ပါသည်။

ကျနော်တို့ အကသများ မှာ သူ့ ထက် အသက် အားဖြင့် ၇ နှစ် ၈ နှစ် ခန့် ငယ်သလို
ဗကသ ခေါင်းဆောင် တစ်ဦးလဲ ဖြစ်သောကြောင့် အခန်း ထဲတွင် သူ့ ကို ‘အာစရိ‘
(ဆရာ သမား) ဟု ခေါ်ကြ ပါသည်။ အခန်း ထဲ တွင် အင်းစိန်မြို့ နယ် အကသ မှ
ညီအကို နှစ်ဦးလည်း ရှိပါသည်။အင်းစိန်ထောင်ဗူးဝ ရှေ့ တွင် ‘အင်းစိန်ထောင်ကြီး
….ကျယ် တာ လောက်တော့ ….. ရယ်တာပေါ့… ရယ်တာပေါ့ ...‘ ဟု ကြွေးကြော်
ဆန္ဒပြ ခဲ့သောကြောင့် အဖမ်း ခံ ရပြီ ရောက်လာ သော အကသ များ ဖြစ်ပါသည်။
နာမည် များကို ကျနော် ပြန် စဉ်းစား လို့ မရတော့ပါ။ တနေ့  မနက် စောစော မျက်နှာ
သစ်၊ အိမ်သာ ဂန်ဖလား သွန်းပြီ အပြင်မှ ပြန် အ၀င် တွင် စပ်စိန်မင်း (ကိုမိုးသီးဇွန်တူ
- သင်္ဃကျွန်းမြို့ နယ် အကသ ခေါင်းဆောင်)က ‘ထောင် ၀ါဒါက ပြောတယ် ဂျင်း
အနွေး ထည် ကောင်းကောင်း ရှိရင် ဓါးလှီး မုန့် နဲ့ လဲ ပေးမယ်‘ ဟု ပြော ပါသည်။
ကျနော် က ဒါဆိုမိုက်တယ်ကွာ ဟု ထောက်ခံ ခဲ့ ပါသည်။ အင်းစိန် မြို့ နယ် အကသ
မှ ညီအကို နှစ်ဦး ထဲ က အကိုဖြစ်သူက သူ့ မှာ ပါလာ သော ဂျင်း အနွေး ထည် လေး
ကို မုန့် နဲ့ လဲ စားရန် ချွတ် ပေးပါသည်။ ထိုအခါ ကိုရွှေဘုန်း က ကျနော် နဲ့  စပ်စိန်မင်း
အား ‘မင်း တို့ ကြည့် လုပ်အုံး တော်ကြာ…‘ပလုံ‘…ဖြစ်နေအုံးမယ်‘ ဟု ဆိုပါ သည်။
ကျနော် တို့ လည်း ထောင်ထမင်း သာ နေ့ တိုင်း စားနေရသော ကြောင့် လဲ မည်
ဟု ဆုံးဖြတ် ပြီ ကိုရွှေဘုန်း တားနေ သည့် ကြားမှ ပင် လဲ လိုက် ပါသည်။

တနေ့ ပြီး တနေ့ သာ ကုန်သွား ပါသည်။ထိုထောင်ဝါဒါ ပေါ် မလာ တော့ပါ။ကျနော်တို့
အကသ ရဲဘော်များ လည်း ထောင်ဗူး ၀ ရှိ စစ်ခုံးရုံး သို့  ရုံးတက် ရန် နီး လာ ပါသည်။
ထို အခါ ကိုရွှေဘုန်းက ဓါးလှီးမုန့် လည်း မရ စစ်ခုံးရုံး လည်း တက်ရတော့မည် ဖြစ်သော
သူ့  ညီလေး များ လို ဖြစ်နေသည့် ကျနော် တို့ အား စိတ် ညစ် ပျောက်စေရန် လောကဓမ္မ
သဘော ကို ပြ ဆိုသော ‘ပလုံ‘ ကဗျာလေး အား ရွတ်ပြ ပါသည်။

ကျနော် နဲ့ စပ်စိန်မင်း တို့ က ‘ဒီမှာ အင်္ဂျာီ လည်းဆုံး မုန့် လည်း မစားရ လို့ စိတ်ညစ်
နေရတဲ့ ကြားထဲ …အာစရိ…ရယ် …အဲဒီ ..ကဗျာ ..လည်း …တော်ပါ တော့ဗျာ ...‘ ဟု
သာ ရယ်မော ပြောဆို ခဲ့ ပါသည်။ ယခု အခါ အင်တာ နက်စာမျက် နှာ ပေါ် တွင်
ကိုရွှေဘုန်း ၏ ‘ပလုံ‘ ကဗျာလေး အား အမှတ် မထင် ပြန်လည် တွေ့  ရသော အခါ
ကွယ်လွန် သွားရှာ ပြီ ဖြစ်သော ကိုရွှေဘုန်း နှင့် စပ်စိန်မင်း တို့  နှစ်ဦးအား များစွာ
အောင်မေ့ သတိရ ဖြစ်မိ ပါသည်။

1 comments:

ကောင်းကင်ကို said...

ပလုံကဗျာလေးရဲ့  ရာဇဝင်ကို သိရလို့ ကျေးဇူးဗျို့ ။